Mix Parlay အလောင်းအစားကို မည်သို့ပြုလုပ်ရမည်နည်း။

Mix Parlayသည် မတူညီသောဂိမ်း (သို့မဟုတ်) အလောင်းအစားပြုလုပ်နိုင်သော ပြိုင်ပွဲများ၏ မြောက်များစွာရွေးချယ်မှုများ (အနည်းဆုံးရွေးချယ်မှု ၃ ခု) ကိုပေါင်းပြီးလောင်းသည့် အလောင်းအစားတစ်ခုဖြစ်သည်။ Sports တွင် Mix Parlay အလောင်းအစားအားလုပ်ရန်၊ အောက်ဖော်ပြပါ အဆင့်များအတိုင်းဆောင်ရွက်ပါ။

  1. သင်၏ SBOTOPအကောင့်ထဲသို့ ဆိုင်းအင် ဝင်ပြီး၊ စာမျက်နှာထိပ်ဆုံးတွင်ရှိသော Sports ကိုနှိပ်ပါ။
  2. ဘယ်(လက်ဝဲ)ဘက်မီနူးမှ အားကစားတစ်ခုကိုရွေးပါ (ဥပမာ - ဘောလုံး) ၊ ပြီးလျှင် လောင်းကစားဈေးကွက် မီနူးရှိ MIX PARLAY ကိုရွေးပါ။

    Mix Parlay အလောင်းအစားတစ်ခုစီအတွက် အမြင့်ဆုံးနိုင်ငွေကို Mix Parlay အလေးသာမှုများဖော်ပြသည့် စာမျက်နှာတွင် ပြထားသည်။

  3. ပွဲစဉ်ပေါ်တွင် ဖြန့်ကြည့်ပြီးသင်လောင်းလိုသောပွဲစဉ်၏ လောင်းရန်အလေးသာမှုစာရင်းကိုကိုနှိပ်ခြင်းဖြင့် Mix Parlay အလောင်းအစားလက်မှတ်ကိုဖွင့်ပြီး ဆန္ဒရှိရာအသင်း (သို့မဟုတ်) အားကစားသမားကိုလောင်းနိုင်သည်။

    တစ်ခုထက်ပိုသောအလောင်းအစားရွေးချယ်နိုင်ရန် ရှိပါကအလေးသာမှုများ အောက်ရှိအပြာရောင် (+) ခလုတ်ကိုဖော်ပြမည်။ ထိုခလုတ်ပေါ်နှိပ်ခြင်းဖြင့် အခြားသောလောင်းကစားရွေးချယ်ခြင်းများကို ကြည့်နိုင်သည်။

  4. Mix Parlay အလောင်းအစားကို ထပ်လောင်းချင်ပါက ဆန္ဒရှိသည့်အသင်း (သို့မဟုတ်) မတူညီသည့်ပွဲစဉ်များမှ အားကစားသမားများ၏ အလေးသာမှုများအပေါ် နှိပ်ခြင်းဖြင့်ထပ်လောင်းနိုင်သည်။

    Mix Parlay အလောင်းအစားအတွက် သင့်တွင် မတူညီသော ပြိုင်ပွဲများမှ အနည်းဆုံး (၃)ခုရွေးချယ်ထားခြင်းရှိရမည်။

  5. Mix Parlay အလောင်းအစားလက်မှတ်မှ ပယ်ဖျက်လိုသောရွေးချယ်မှုများကို ၎င်းရွေးချယ်မှုတစ်ခုစီ၏ ဘေးရှိ Del ကိုနှိပ်ခြင်းဖြင့် ပယ်ဖျက်နိုင်သည်။
  6. Mix Parlay အလောင်းအစားလက်မှတ်တွင် ဖော်ပြထားသောအလောင်းအစားနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို မှန်/မမှန် စစ်ဆေးပါ။
  7. သင်၏ လောင်းကြေးကိုထည့်ပြီး Process Bet ခလုတ်ကိုနှိပ်၍လောင်းနိုင်ပြီး၊ (သို့မဟုတ်) Cancel ခလုတ်ကို နှိပ်၍ ထိုအလောင်းအစားကို ပယ်ဖျက်နိုင်သည်။

    အမြင့်ဆုံးနိုင်ငွေ - သင့်လောင်းကြေးကိုထည့်လိုက်သည်နှင့်တပြိုင်နက် သင်၏လောင်းကစားလက်မှတ်ပေါ်တွင် သင်နိုင်လျှင်ရရှိမည့် အမြင့်ဆုံးနိုင်ငွေကို အလိုအလျောက်ဖော်ပြသည်။

    အနိမ့်ဆုံးနှင့်အမြင့်ဆုံးအလောင်းအစား (ငွေပမာဏ) - သင်ထည့်ထားသောလောင်းကြေးပမာဏသည် အနိမ့်ဆုံးခွင့်ပြုလောင်းကြေးထက် နည်းနေလျှင်သော်လည်းကောင်း၊ အမြင့်ဆုံးခွင့်ပြုလောင်းကြေးထက် များနေလျှင်သော်လည်းကောင်း သင့်အားအချက်ပေး အကြောင်းကြားချက်တွင် တရားဝင်သောလောင်းကြေး ပြန်လည် ထည့်သွင်းရန် အသိပေးလိမ့်မည်။

  8. အတည်ပြုပေးသောအကြောင်းကြားချက်တွင် သေချာလျှင် OK ကိုနှိပ်၍မသေချာလျှင် Cancel ကိုနှိပ်ပါ။

    OK ကိုနှိပ်ပြီးသည်နှင့်တပြိုင်နက် သင်၏အလောင်းအစားသည် ကျွန်ုပ်တို့၏စနစ်မှ လက်ခံပြီးဖြစ် ကြောင်းနှင့် ထိုအလောင်းအစားကို ပြန်လည်ပယ်ဖျက်ရန်ခွင့်ပြုတော့မည်မဟုတ်ပါ။

  9. သင် Mix Parlay အလောင်းအစားအတွက် Confirm ခလုတ်ကိုနှိပ်လိုက်သည်နှင့် အတည်ပြုသောအကြားကြားချက် ဖော်ပြလိမ့်မည်။  အလောင်းအစား ပြီးမြောက်စေရန် OK ကိုနှိပ်ပါ။
  10. သင်ပြုလုပ်ထားခဲ့သော Mix Parlay အလောင်းအစားစာရင်းကိုစာမျက်နှာ ထိပ်ဘယ်(လက်ဝဲ)ဘက်ထောင့်ရှိ Bet List Mini လင့်ခ် (link)အားနှိပ်ခြင်းဖြင့် (သို့မဟုတ်) စာမျက်နှာထိပ်ရှိ Bet List Full လင့်ခ် (link) ကိုနှိပ်ခြင်းဖြင့် စစ်ဆေးကြည့်ရှုနိုင်သည်။

    Bet List Mini သည် ပြုလုပ်ထားခဲ့သည့်အလောင်းအစားစာရင်း အပြည့်အစုံကို ချုံ့ထားခြင်းဖြစ်ပြီးသင် နောက်ဆုံးလုပ်ခဲ့သည့် အလောင်းအစား (၁၀) ခုကို ပြပေးသည်။