Skrill ကို အသုံးပြု၍ ကျွန်ုပ်၏ အကောင့်ထဲသို့ ငွေများကို မည်သို့ အပ်နှံနိုင်မည်နည်း။

သင့်အကောင့်ထဲသို့ Skrill ကိုအသုံးပြုပြီး ငွေသွင်းရန် ၊ ကျေးဇူးပြု၍ အောက်ပါအဆင့်များကို လိုက်နာပါ။

  1. သင်၏ SBOTOP အကောင့်သို့ ဝင်ရောက်ပြီး စာမျက်နှာ၏ထိပ်ရှိ ငွေသွင်းရန်နှင့်ငွေထုတ်ရန်လင့်ခ်ကို နှိပ်ပါ။
     
  2. ငွေသွင်းရန် တက်ဘ်ကို ဖွင့်ထားကြောင်း အပေါ်ဆုံးမီနူးမှ စစ်ဆေးပါ၊ ထို့နောက် စာမျက်နှာပေါ်တွင် ပြသထားသည့် ရရှိနိုင်သော ငွေပေးချေမှုနည်းလမ်းများစာရင်းကို သင်တွေ့ရပါမည်။
  3. ငွေပေးချေမှုနည်းလမ်းများကို သင့်အကောင့်ငွေကြေးအပေါ် အခြေခံ၍ ထုတ်ပေးမည်ဖြစ်ပြီး ငွေကြေးအားလုံးကို ပံ့ပိုးမည်မဟုတ်ပါ။ Skrill ကိုနှိပ်ပြီး စာမျက်နှာပေါ်ရှိ လိုအပ်သည့် အသေးစိတ်အချက်အလက်များကို ထည့်သွင်းပါ။

    SBOTOP သို့ ငွေသွင်းရန်အတွက် သင်၏ Skrill အကောင့်သို့ ဝင်ရောက်ရန် လိုအပ်မည်ဖြစ်ပါသည်။ သင့်အီးမေးလ်လိပ်စာသည် Skrill တွင် စာရင်းသွင်းထားသည့်လိပ်စာနှင့် ကိုက်ညီကြောင်း သေချာပါစေ။

  4. ဆက်လက်ဆောင်ရွက်ရန် ငွေသွင်းရန် >> ခလုတ်ကိုနှိပ်ပါ။

    SBOTOP သည် ငွေပေးချေမူလုပ်ငန်းစဉ်ကို အပြီးသတ်ရန်အတွက် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို Skrill နှင့် မျှဝေရမည်ဖြစ်သည်။ "ငွေသွင်းရန်" ခလုတ်ကိုနှိပ်ခြင်းဖြင့်၊ သင်သည် SBOTOP မှ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို Skrill နှင့်မျှဝေရန် သဘောတူပါသည်။

  5. ငွေသွင်းခြင်းလုပ်ငန်းစဉ်ပြီးမြောက်ရန် Skrill ၏ဝဘ်ဆိုက်တွင် လိုအပ်သည့်အသေးစိတ်အချက်အလက်များကို ပေးဆောင်ရန် သင့်အား တောင်းဆိုနိုင်ပါသည်။
  6. သင့်ငွေပေးချေမူလုပ်ငန်းစဉ် အောင်မြင်ပါက၊ သင့်အောင်မြင်သော ငွေပေးချေမူ၏ သက်ဆိုင်ရာအသေးစိတ်အချက်များအားလုံးကို ပြသထားသည့် SBOTOP ၏ အတည်ပြုချက်စာမျက်နှာသို့ ပြန်လည်လမ်းညွှန်ပေးပါမည်။
  7. သင့်ငွေပေးချေမူလုပ်ငန်းစဉ် မအောင်မြင်ပါက၊ ကျွန်ုပ်တို့၏စနစ် သို့မဟုတ် Skrill မှ ငြင်းပယ်ပါက၊ အတည်ပြုချက်စာမျက်နှာသည် သင့်မအောင်မြင်သော ငွေပေးချေမူ၏ သက်ဆိုင်ရာအသေးစိတ်အချက်အလက်များအားလုံးကို ပြသပါသည်။
  8. ကျွန်ုပ်တို့၏ဖော်ရွေသောအကြံပေးသူများထံမှ ချက်ချင်းအကူအညီရယူရန်အတွက် စာမျက်နှာ၏ညာဘက်အပေါ်ထောင့်ရှိ တိုက်ရိုက်စကားပြောခန်း ခလုတ်ကို နှိပ်ပါ။

Skrill ကို အသုံးပြု၍ အပ်နှံငွေမှန်သမျှသည် အထွေထွေ စည်းမျဥ်းစည်းကမ်းများ တွင်ပါရှိသော စည်းမျဥ်းစည်းကမ်းများနှင့် ကိုက်ညီရမည်။

  1. သုံးစွဲသူ (သင်) သည် အော်ပရေတာထံ ငွေအပ်နှံရန်အတွက် Skrill တွင် မှတ်ပုံတင်ထားသော အီးမေးလ်လိပ်စာ (၁) ခုကိုသာ အသုံးပြုရမည်ဖြစ်သည်။
     
  2. သုံးစွဲသူသည် အီးမေးလ်လိပ်စာကို ပြောင်းလဲလိုပါက သို့မဟုတ် အခြားအီးမေးလ်လိပ်စာကို အသုံးပြုလိုပါက သုံးစွဲသူသည် ဦးစွာ အော်ပရေတာ၏ သဘောတူညီချက်ကို စာဖြင့်ရေးသားရယူရမည်ဖြစ်သည်။
  3. ဤတွင် သုံးစွဲသူသည် သုံးစွဲသူ၏ Skrill အကောင့်မှ သုံးစွဲသူ၏ SBOTOP အကောင့်သို့ ငွေအပ်နှံရန်အတွက် သုံစွဲသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Skrill နှင့် အော်ပရေတာမှမျှဝေခြင်းအား သဘောတူပြီး ခွင့်ပြုပါသည်။
  4. အကယ်၍ သုံးစွဲသူသည် သုံးစွဲသူ၏ SBOTOP အကောင့်သို့ ငွေအပ်နှံရန် Skrill 1-Tap ကို အသုံးပြုရန် ရွေးချယ်ပါက၊ သုံးစွဲသူသည် သုံးစွဲသူ၏ Skrill အကောင့်သို့ ဝင်ရောက်ပြီး SBOTOP သို့ ငွေအပ်နှံရန်အတွက် Skrill 1-Tap လုပ်ဆောင်ချက်ကို ဖွင့်ရပါမည်။
  5. Skrill 1-Tap နည်းလမ်းဖြင့် ငွေသွင်းသည့်အခါ၊ သုံးစွဲသူက သုံးစွဲသူ၏ Skrill အကောင့်ကို ကြိုတင်ရွေးချယ်ထားသော ငွေပေးချေမှုနည်းလမ်းဖြင့် ဝင်ရောက်ထားသော ပမာဏကို ငွေဖြတ်ယူရန် တောင်းဆိုချက်အား စတင်ရန် Celton Manx ကို ခွင့်ပြုပေးပြီး သုံးစွဲသူမှ "ငွေသွင်းရန်" ခလုတ်ကို နှိပ်လိုက်တိုင်း ထိုငွေများကို Celton Manx Limited ၏ Skrill အကောင့်သို့ လွှဲပြောင်းရန် သဘောတူခွင့်ပြုကြောင်း ဖြစ်ပါသည်။