Pirate Instant လောင်းကစားစည်းမျဥ်းနှင့်စည်းကမ်းများ
ကဒ်တစ်ကဒ်ဝယ်ယူခြင်း
- လောင်းကြေး ရွေးချယ်ရန်အတွက် Card Price (ကဒ်တန်ဘိုး) အကွက်တွင် အထက်နှင့်အောက်သို့ မျှားများကို ရွှေ့ခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) Card Price (ကဒ်တန်ဘိုး) အကွက်တွင် တန်ဘိုးရိုက်သွင်းကာ Enter နှိပ်၍ လည်းကောင်း (သို့မဟုတ်) ဂိမ်းမျက်မှာပြင်ရှိ လွတ်နေသော နေရာတွင် click နှိပ်၍လည်းကောင်း ရွေးချယ်နိုင်ပါသည်။ Card Price (ကဒ်တန်ဘိုး) အကွက်တွင် ဖော်ပြထားသောပမာဏသည် ကဒ်တစ်ကဒ်အတွက် လောင်းကြေးတန်ဘိုးဖြစ်ပါသည်။
ပုံသေကဒ်တန်ဘိုးသည် ငွေကြေးစနစ်အရ ပြောင်းလဲမှုရှိသည်။ ပေါင်စတာလင်အတွက် ဥပမာသည် (ပေါင် ၁.၀၀) ဖြစ်သည်။ ကဒ်တန်ဘိုးသည် အနည်းဆုံးနှင့်အများဆုံး လောင်းကြေးပမာဏအတွင်းတွင် ရှိရမည်။ အကယ်၍ သင်ရိုက်ထည့်သော ကဒ်တန်ဘိုးသည် အများဆုံး လက်ခံခွင့်ပြုသော လောင်းကြေးတန်ဘိုးထက်များပြီး Buy Card (သို့မဟုတ်) Enter ကိုနှိပ်ပါက ရိုက်ထည့်သော ကဒ်တန်ဘိုးကို အလိုအလျောက် လျှော့ချလိုက်မည်ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံး လက်ခံခွင့်ပြုသော ကဒ်တန်ဘိုးထက် ပိုမိုများပြားပါက အများဆုံးကဒ်တန်ဘိုးသို့ လျှော့ချလိုက်မည် ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံးကဒ်တန်ဘိုးထက်လျော့နည်းပါက ကဒ်တန်ဘိုးကို သင်၏ ငွေလက်ကျန်ပမာဏသို့ လျှော့ချ ပေးမည်ဖြစ်ပါသည်။ အကယ်၍ သင်ရိုက်ထည့်သော ကဒ်တန်ဘိုးသည် အနည်းဆုံး ခွင့်ပြုကဒ်တန်ဘိုးထက် နည်းနေပြီး Place Bet (သို့မဟုတ်) Enter ကိုနှိပ်ပါက ကဒ်တန်ဘိုးသည် နည်းဆုံးကဒ်တန်ဘိုးသို့ အလိုအလျောက် ပြောင်းသွားမည်ဖြစ်သည်။ သို့သော် သင်၏ငွေလက်ကျန်သည် အနည်းဆုံး ကဒ်တန်ဘိုးထက် နည်းနေပါက သင်သည်ကစားပွဲသို့ ဝင်နိုင်မည်မဟုတ်ပါ။
- Auto Play (အလိုအလျောက်ကစားခြင်း) အကွက်သည် ကဒ်အရေအတွက် သတ်မှတ်ခြင်းကို ခွင့်ပြုသည်။ ပုံသေတန်ဘိုးသည် (၁) ဖြစ်ပါသည်။ ကဒ်တစ်ကဒ်တည်း ဝယ်ယူပါက ထိုအကွက်တွင် (၁) ဖြစ်ရန်လိုအပ်သည်။
- Buy Card ခလုတ်ကို နှိပ်ပြီး သင်၏ ကစားပွဲအတွက် ကဒ်ဝယ်ယူလိုက်ပါ။ ကဒ်တန်ဘိုးပမာဏ တစ်ခုစာကို သင်၏ ငွေလက်ကျန်မှ နှုတ်ယူလိုက်ပါမည်။
ကဒ်များဝယ်ယူခြင်း/ အလိုအလျောက်ကစားခြင်း
- လောင်းကြေးရွေးချယ်ရန်အတွက် Card Price (ကဒ်တန်ဘိုး) အကွက်တွင် အထက်နှင့်အောက်မျှားများကို ရွှေ့ခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) Card Price (ကဒ်တန်ဘိုး) အကွက်တွင် တန်ဘိုးရိုက်သွင်းကာ Enter နှိပ်၍လည်းကောင်း (သို့မဟုတ်) ဂိမ်းမျက်မှာပြင်ရှိ လွတ်နေသော နေရာတွင် click နှိပ်၍လည်းကောင်း ရွေးချယ်နိုင်ပါသည်။ Card Price (ကဒ်တန်ဘိုး) အကွက်တွင် ဖော်ပြထားသော ပမာဏသည် ကဒ်တစ်ကဒ်အတွက် လောင်းကြေးတန်ဘိုးဖြစ်ပါသည်။
ပုံသေကဒ်တန်ဘိုးသည် ငွေကြေးစနစ်အရ ပြောင်းလဲမှုရှိသည်။ ပေါင်စတာလင်အတွက် ဥပမာသည် (ပေါင် ၁.၀၀) ဖြစ်သည်။ ကဒ်တန်ဘိုးသည် အနည်းဆုံးနှင့်အများဆုံး လောင်းကြေးပမာဏအတွင်းတွင် ရှိရမည်။ အကယ်၍ သင်ရိုက်ထည့်သော ကဒ်တန်ဘိုးသည် အများဆုံး လက်ခံခွင့်ပြုသော လောင်းကြေးတန်ဘိုးထက်များပြီး Buy Card (သို့မဟုတ်) Enter ကိုနှိပ်ပါက ရိုက်ထည့်သော ကဒ်တန်ဘိုးကို အလိုအလျောက်လျှော့လိုက်မည်ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံး လက်ခံခွင့်ပြုသော ကဒ်တန်ဘိုးထက် ပိုမိုများပြားပါက အများဆုံး ကဒ်တန်ဘိုးသို့ လျှော့ချလိုက်မည် ဖြစ်ပါသည်။ အကယ်၍ သင်၏ ငွေလက်ကျန်သည် အများဆုံး ကဒ်တန်ဘိုးထက် နည်းပါက ကဒ်တန်ဘိုးကို သင်၏ ငွေလက်ကျန်ပမာဏသို့ လျော့ချ ပေးမည်ဖြစ်ပါသည်။ အကယ်၍ သင်ရိုက်ထည့်သော ကဒ်တန်ဘိုးသည် အနည်းဆုံး ခွင့်ပြုကဒ်တန်ဘိုးထက် နည်းနေပြီး Place Bet (သို့မဟုတ်) Enter ကိုနှိပ်ပါက ကဒ်တန်ဘိုးသည် နည်းဆုံးကဒ်တန်ဘိုးသို့ အလိုအလျောက်ပြောင်းသွားမည်ဖြစ်သည်။ သို့သော် သင်၏ ငွေလက်ကျန်သည် အနည်းဆုံး ကဒ်တန်ဘိုးထက် နည်းနေပါက သင်သည်ကစားပွဲသို့ ဝင်နိုင်မည်မဟုတ်ပါ။
- Auto Play (အလိုအလျောက်ကစားခြင်း) အကွက်သည် ကဒ်အရေအတွက် သတ်မှတ်ခြင်းကိုခွင့်ပြုသည်။ ပုံသေတန်ဘိုးသည် (၁) ဖြစ်ပါသည်။ တစ်ကဒ်ထက်ပိုပြီး ဝယ်ယူပါက အလိုအလျောက်ကစားခြင်း (Auto Play) အကွက်တွင် အရေအတွက်ထည့်ရန် လိုအပ်သည့်အတွက် အဆိုပါအကွက်၌ အထက်နှင့်အောက် မျှားများကိုအသုံးပြုခြင်း (သို့မဟုတ်) လိုအပ်သောနံပါတ်ကို ရိုက်ထည့်ခြင်းဖြင့်လည်းရရှိနိုင်သည်။ သင်၏ကိုယ်ပိုင်ငွေကြေးမှ နှုတ်ယူမည့် စုစုပေါင်းလောင်းကြေးငွေသည် လောင်းကြေးငွေနှင့် ပွဲအရေအတွက်ကို မြှောက်ထားသည့်ပမာဏဖြစ်သည်။ (အလိုအလျောက်ကစားခြင်း (Auto Play) အတွက် ထည့်မတွက်ထားပါ။)
- Buy Card ခလုတ်ကိုနှိပ်ပြီး သင်၏ပထမကစားပွဲအတွက် ကဒ်ဝယ်ယူလိုက်ပါ။ ကဒ်တန်ဘိုးပမာဏတစ်ခုစာကို သင်၏ ငွေလက်ကျန်မှ နှုတ်ယူလိုက်ပါမည်။
- သင်နောက်ထပ်ကဒ်ဝယ်ပါက ကဒ်ပေါ်တွင် သင်္ကေတများကို တစ်ကြိမ်ဖော်ပြမည်ဖြစ်ပြီး ကဒ်တစ်ကဒ်၏ ပမာဏကို သင်၏ ငွေလက်ကျန်မှ ထပ်မံလျော့လိုက်မည်ဖြစ်သည်။ ( 'သင်္ကေတများကိုဖော်ပြခြင်း' တွင်ကြည့်ပါ။) ဤသို့ဖြင့် ဆက်လက်၍ ကစားသည်မှာ သတ်မှတ်ထားသော အလိုအလျောက်ကစားခြင်း (Auto Play) ပြီးဆုံးသည် အထိ(သို့မဟုတ်) အလိုအလျောက်ကစားခြင်း (Auto Play) ကို ရပ်လိုက်သည့်အထိဖြစ်မည်။ (' အလိုအလျောက်ကစားခြင်း (Auto Play) ကိုရပ်တန့်ခြင်း' ကိုကြည့်ပါ။)
ကဒ်အမြန်ဝယ်ယူခြင်း
- သင်သည် ကဒ်မဝယ်ရသေးပါက ကဒ်လျှင်မြန်စွာ ၀ယ်ယူနိုင်ရေးအတွက် Space Bar ကိုနှိပ်ပါ။ ကဒ်ဝယ်ယူပြီးပါက Card Price (ကဒ်တန်ဘိုး) အကွက်တွင် တန်ဘိုးကို ဖော်ပြမည်ဖြစ်သည်။ ၀ယ်ယူသော ကဒ်အရေအတွက်သည် Auto Play (အလိုအလျောက်ကစားခြင်း) အကွက်တွင် မူတည်ပြီး ၎င်းကို ကဒ်များစွာ ၀ယ်ယူရာတွင် အသုံးပြုသည်။ အကယ်၍ Auto Play (အလိုအလျောက်ကစားခြင်း) သည် (၁)ဖြစ်ပါက ပုံသေတန်ဘိုးအဖြစ် တစ်ကဒ်သာ ၀ယ်ယူမည်ဖြစ်သည်။ အကယ်၍ Auto Play (အလိုအလျောက်ကစားခြင်း) ကို (၂)ထားပါက ကဒ်(၂)ကဒ်ဝယ်ယူခြင်းဖြစ်သည်။
အလိုအလျောက်ကစားခြင်းကို ရပ်တန့်ခြင်း
- ကဒ်များစွာဝယ်ယူသောအခါတွင် 'Stop' ခလုတ်ကို ဂိမ်းမျက်နှာပြင်၏ အောက်ခြေ-ညာ(လက်ယာ)ဘက်ထောင့်တွင် ဖော်ပြလာမည်ဖြစ်သည်။ အကယ်၍ သင်သည် အလိုအလျောက်ကစားခြင်း (Auto Play) အလုပ်လုပ်နေစဉ်အတွင်း 'Stop' ခလုတ်ကို နှိပ်ခြင်း (သို့မဟုတ်) Space Bar ကိုနှိပ်ခြင်း ပြုလုပ်ပါက အလိုအလျောက်ကစားခြင်း (Auto Play)) လုပ်ဆောင်ချက်သည် ရပ်ပြီး Auto Play (အလိုအလျောက်ကစားခြင်း) တွင် တန်ဘိုး(၁)အဖြစ် ထားရှိ လိုက်မည်ဖြစ်သည်။ ဆိုလိုသည်မှာ Auto Play (အလိုအလျောက်ကစားခြင်း)တွင် တန်ဘိုးမည်မျှ ထားခဲ့စေကာမူ (သို့မဟုတ်) တန်ဘိုးမည်မျှ ကျန်ရှိနေစေကာမူ အလိုအလျောက်ကစားခြင်း (Auto Play) ကို ရပ်တန့်နိုင်စေသည်။ ထိုအခါတွင် စတင်ခဲ့သော (သို့မဟုတ်) ပြီးဆုံးခဲ့သော ကဒ်တစ်ခုစာ တန်ဘိုးကိုသာ သင်၏ ငွေလက်ကျန်မှ နှုတ်ယူမည်ဖြစ်သည်။
သင်္ကေတများကိုဖော်ပြခြင်း
အကယ်၍ သင်သည် Auto Play (အလိုအလျောက်ကစားခြင်း) ကို အသုံးပြု၍ တစ်ကဒ်ထက်ပို၍ ၀ယ်ယူပါက သင်္ကေတများကို တွေ့ရမည်ဖြစ်သည်။ အကယ်၍ သင်သည်တစ်ကဒ်တည်းဝယ်ယူပါက သင်္ကေတများကို ဖော်ပြမည့်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဖုံးထားသောဆက်ရှင် (section) ကို တခုချင်း လိုက်ရွေးပါ။ ရွေးလိုက်ခြင်းဖြင့် ထိုအရာကို ဖွင့်လိုက်မည်ဖြစ်သည်။
- သင်၏ ဘယ် (လက်ဝဲ) ဘက် mouse key ဖြင့် ဆက်ရှင်အနီးတ၀ိုက်တွင် Click လုပ်ခြင်းနှင့် ဆွဲယူခြင်းများကို ပြုလုပ်ပါ။ အဆိုပါ ဆက်ရှင်အတွက် ဖုံးအုပ်ထားမှုများသည် တဖြည်းဖြည်းဖယ်ရွေ့သွားပါမည်။
ဤသည်မှာ တာဘိုနည်းလမ်း (Turbo Mode) ကို ပိတ်ထားချိန်တွင်သာ ပြုလုပ်၍ ရပါမည်။
- Reveal All ခလုတ်ကို နှိပ်ပါ။ ဆက်ရှင်(၉)ခုစလုံးတွင် ဖုံးအုပ်ထားမှုများ တပြိုင်နက်တည်း ဖယ်ရှားသွားမည်ဖြစ်ပါသည်။
- Space bar ကို နှိပ်ပါ။ ဤလုပ်ဆောင်ချက်သည် Reveal All ခလုတ်ကိုနှိပ်သည့်အတိုင်း ပြုလုပ်စေပြီးဆက်ရှင်(၉)ခုစလုံးတွင် ဖုံးအုပ်ထားမှုများ တပြိုင်နက်တည်း ဖယ်ရှားသွားမည်ဖြစ်ပါသည်။
သင်၏ လက်ရှိ တာဘိုနည်းလမ်း (Turbo Mode) ဆက်တင်ကို သုံးထားပါသည်။
တာဘိုနည်းလမ်း (Turbo Mode) - ဤ ဂိမ်း တွင် Turbo Mode စနစ်ပါရှိသည်။ ၎င်းသည် သင်္ကေတများကို ဖုံးအုပ်ခြင်းမှ ဖယ်ရှားပေးပါသည်။ တာဘိုနည်းလမ်း (Turbo Mode) ခလုတ်ကို ရွေးချယ်ခြင်းဖြင့် အဆိုပါ စနစ်အား ဖွင့်ခြင်း/ပိတ်ခြင်းကို ဆောင်ရွက်နိုင်သည်။ အကယ်၍ ထိုစနစ်ကို ဖွင့်ထားပါက ဆက်ရှင် (၉) ခုကို ဖုံးအုပ်ခြင်းမှ လျှင်မြန်စွာ ဖယ်ရှားပေးမည်ဖြစ်ပါသည်။
ကစားပွဲအနိုင်ရခြင်း
ကစားပွဲအနိုင်ရခြင်းဆိုသည်မှာ ထပ်တူညီသည့် သင်္ကေတ(၃)ခုသည် အတန်းလိုက်ပုံစံဖြင့် ထောင်လိုက် (သို့မဟုတ်) အလျားလိုက် (သို့မဟုတ်) ကန့်လန့်ဖြတ်အလိုက် ရှိနေခြင်းဖြစ်သည်။ အနိုင်လိုင်းတစ်ခုခုရရှိသောအခါတွင် ဆက်ရှင် (section) (၉)ခုစလုံးကို ဖုံးကွယ်ထားခြင်းမရှိဘဲ တစ်ကြိမ်တွေ့ရမည်ဖြစ်သည်။ အကြောင်းကြားဖော်ပြချက်တစ်ခုဖြင့် သင်၏ အနိုင်ရစုစုပေါင်းပမာဏ နှင့်အတူ အနိုင်ရသင်္ကေတ(များ)နှင့် အနိုင်ရသွားသည့် လိုင်းပုံသဏ္ဍန်တို့ကို လိုင်းနှင့်ငွေပေးချေခြင်းဇယားတွင် အရောင်ဖြင့်အလေးပေး ဖော်ပြမည်ဖြစ်သည်။
အနိုင်ရလိုင်းတစ်ခုချင်းအတွက် ငွေပေးချေမှုကိုနားလည်စေရန် 'လိုင်းနှင့်ငွေပေးချေခြင်းဇယား' ကိုကြည့်ပါ။
အောက်ဖော်ပြပါသည် အနိုင်ရသောပုံစံ(၃)မျိုးဖြစ်သည်။
ထပ်တူညီသော သင်္ကေတ(၃)ခုသည် အတန်းလိုက် အနေအထားရှိနေသည်။
ထပ်တူညီသော သင်္ကေတ(၃)ခုသည် ထောင်လိုက် အနေအထားရှိနေသည်။
ထပ်တူညီသော သင်္ကေတ(၃)ခုသည် ကန့်လန့်ဖြတ် အနေအထားရှိနေသည်။
အောက်ဖော်ပြပါပုံသည် အနိုင်ရရှိခြင်းအတွက် အသိပေးခြင်းဖြစ်ပြီး လိုင်းနှင့်ငွေပေးခြေခြင်းဇယားသည် အနိုင်ရရှိသောသင်္ကေတနှင့် အနိုင်ရရှိသောလိုင်း၏ နေရာပုံသဏ္ဍာန်ကို ဖော်ပြသည်။
အောက်ဖော်ပြပါပုံသည် ရှုံးနိမ့်သွားသော ကဒ်များ၏ ပုံဖြစ်သည်။
မည်သည့် အတန်း၊ အတိုင်နှင့် ထောင့်ဖြတ်ပုံစံတွင်မျှ ထပ်တူညီသည့် သင်္ကေတမရှိပါ။
လိုင်းနှင့်ငွေပေးချေခြင်းဇယား
ဤဇယားသည် ဂိမ်းသင်္ကေတ (၇) မျိုးကို ဖော်ပြသည်။ အောက်ဖော်ပြပါသည် သင်္ကေတတစ်ခုချင်းစီအတွက် အနိုင်ရရှိသော လိုင်းတစ်လိုင်း၏ ရရှိမှုပမာဏဖြစ်သည်။ အနိုင်ရရှိသောလိုင်းသည် ထောင်လိုက်(သို့မဟုတ်) ကန့်လန့်ဖြတ်လိုက် (သို့မဟုတ်) အလျားလိုက် ထပ်တူညီသည့် သင်္ကေတ (၃) ခုရှိနေခြင်းဖြစ်သည်။ ပေးချေမှုတန်ဘိုးသည် အောက်ဖော်ပြပါအတိုင်းတွက်ချက်သည်။
လိုင်းတစ်လိုင်းတွင် Chest (သေတ္တာ) (၃)ခု = ၁၀၀၀ x လောင်းကြေး |
လိုင်းတစ်လိုင်းတွင် Compass (သံလိုက်အိမ်မြောင်) (၃)ခု= ၄x လောင်းကြေး |
လိုင်းတစ်လိုင်းတွင် Parrot (ကြက်တူရွေး) (၃)ခု = ၅၀ x လောင်းကြေး |
လိုင်းတစ်လိုင်းတွင် Pistol( ပစ္စတိုသေနတ်) (၃)ခု= ၂x လောင်းကြေး |
လိုင်းတစ်လိုင်းတွင် Cannon (အမြောက်) (၃)ခု = ၁၅ x လောင်းကြေး |
လိုင်းတစ်လိုင်းတွင် Skull and Sword (ဦးခေါင်းနှင့်ဓား) (၃)ခု= ၁x လောင်းကြေး |
လိုင်းတစ်လိုင်းတွင် Coin Bag (ဒင်္ဂါးအိတ်)(၃)ခု = ၁၀ x လောင်းကြေး |
အကယ်၍ သင့်တွင်အနိုင်ရသောလိုင်းရှိပါက ထိုလိုင်းအတွက်ငွေရရှိမှုသည် အောက်ဖော်ပြပါ သင်္ကေတများနှင့် ဆက်စပ်နေမည်ဖြစ်သည်။ အကယ်၍ အနိုင်ရလိုင်းများစွာရှိပါက အနိုင်ရလိုင်းတစ်ခုတွင် ထပ်မံ၍ ပေါင်းထည့်ပေးသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် လောင်းကြေးငွေ (ပေါင် ၁.၀၀) ဖြင့် သင်သည် Cannon (အမြောက်) (၃)ခုပါ အနိုင်လိုင်းတစ်ခုနှင့် Parrot (ကြက်တူရွေး) (၃)ခုပါ အနိုင်လိုင်းတစ်ခုတို့ ရရှိသောကြောင့် သင့်အားပေးချေမည့် ငွေပမာဏသည် ပေါင် ၆၅.၀၀ (ပေါင် ၁၅.၀၀ + ပေါင် ၅၀.၀၀) ဖြစ်မည်။
သီအိုရီအရကစားသူသို့ ပြန်လည်ပေးအပ်သည့်ရာခိုင်နှုန်း(%Return To Player) ကိုအောက်ပါအတိုင်းဖော်ပြထားထားပါသည်။
အကောင်းဆုံးဖြစ်နိုင်ခြေဆိုသည်မှာကစားပွဲအနိုင်ရရှိရန်အတွက် အကောင်းဆုံးအဖြစ်အပျက်ဖြစ်ပျက်ရန် အခြေအနေပင်ဖြစ်သည်။
ဂိမ်း | ကစားသူသို့ ပြန်လည်ပေးအပ်သည့်ရာခိုင်နှုန်း | အကောင်းဆုံးဖြစ်နိုင်ခြေ |
---|---|---|
အသင့်ပင်လယ်ဓားပြ
|
၉၆.၃၉ | ၂ တွင် ၁ |
ကျေးဇူးပြု၍ မှတ်သားပါ။ ကစားပွဲတစ်ပွဲအတွက် အများဆုံးငွေပေးချေမှုခွင့်ပြုငွေသည် သင့်အားပြန်လည် ပေးအပ်သည့်ရာခိုင်နှုန်းကိုကန့်သတ်သည်။ ထိုပမာဏသည် သင်၏ငွေကြေးစနစ်နှင့် လောင်းကြေးရွေးချယ်မှုပေါ်တွင်မူတည်သည်။